သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

ဆရာဂျော့(ခ်ျ)ကသည် ကလေးငယ်များအား သမ္မာကျမ်းစာဖတ်ပြနေစဉ်

လူဦးရေ (၇) သိန်းကျော် စုဝေးနေထိုင်သည့် ကင်ညာနိုင်ငံရှိ ကိဘီရာရပ်ကွက်သည် ကမ္ဘာ့အကြီးဆုံးဆင်းရဲသားရပ်ကွက်များထဲမှတစ်ခုဖြစ်သည်။

ဤနေရာတွင် လောကဓံဒုက္ခအလွန်များလှပါသည်။ နေ့စဉ်ရက်ဆက်ရုန်းကန်လှုပ်ရှားရမှုများ၊ မိသားစုကိုစောင့်ရှောက်ရမှုများနှင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအားထုတ်ရမှုများစသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြရသည်။ လူအမြောက်အမြားတို့သည် ချမ်းသာလမ်းကိုရှာမတွေ့ဖြစ်နေကြသည်။

သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

လူအမြောက်အမြားသည် မျှော်လင့်ခြင်းကိုတောင့်တလျက်ရှိကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုအပ်သော်လည်း သူတို့ကို ဟောပြောပေးမည့်သူမရှိကြပေ။ ထို့ကြောင့် ကျွန်တော်သည် ဤနေရာတွင် ရှိနေရန်ရွေးချယ်ခဲ့ပါသည်။

ဆရာဂျော့(ခ်ျ)၊ ကင်ညာနိုင်ငံ

ဆရာဂျော့(ခ်ျ)သည် ကလေးများ ပညာသင်ကြားနိုင်ရေးကူညီပေးရန် ကိဘီရပ်ကွက်တွင် စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့သည်။ ထို့ပြင် သူသည် သမ္မာကျမ်းစာအက်ပ်လိုက်မှတစ်ဆင့် ကလေးများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရရှိနိုင်စေသည့် အခြားအရာတစ်ခုကိုပေးအပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အင်တာနက်မလိုဘဲ အသုံးပြုနိုင်သောဤအက်ပ်ကို ကိဘီရာရပ်ကွက်ကဲ့သို့သောနေရာများအတွက် ရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်ပြီး၊ လူတို့သည် သမ္မာကျမ်းစာကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ဝင်ရောက်ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

ယခုအခါ ဆရာဂျော့(ခ်ျ)သည် သူ၏ပတ်ဝန်းကျင်ရှိလူတိုင်းအား သမ္မာကျမ်းစာအက်ပ်လိုက်ကို မျှဝေပေးလျက်ရှိပြီး၊ ထိုအက်ပ်သည် သူ၏အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပေးနေပါသည်။

ကျွန်တော်သိရှိသမျှလူတိုင်းထံ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မျှဝေပါသည်။ ယခုအခါ နှုတ်ကပတ်တော်တရားသည် နေရာတိုင်းသို့ပျံ့နှံ့လျက်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် ကျွန်တော်၏အသိုင်းအဝိုင်းကို ပြောင်းလဲလာနေပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့၊ လူမျိုးအပေါင်းတို့ထံသို့ရောက်ရှိနေဆဲဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကိုချီးမွမ်းနေစဉ်၊ (ဗျာ၊ ၇) ကိုဆင်ခြင်တွေးတောကြည့်ပါ။

(ဗျာ၊ ၇) ကိုဖတ်ရှုပါရန်

Share this post:

ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိမိ၏အသိုင်းအဝိုင်းကို ပြောင်းလဲစေနိုင်သည်။

ဆရာဂျော့(ခ်ျ)ကသည် ကလေးငယ်များအား သမ္မာကျမ်းစာဖတ်ပြနေစဉ်

ကင်ညာနိုင်ငံရှိ ကိဘီရာရပ်ကွက်သည် ကမ္ဘာ့အကြီးဆုံးဆင်းရဲသားရပ်ကွက်များထဲမှတစ်ခုဖြစ်သည်။ လောကဓံဒုက္ခအလွန်များလှပါသည်။ နေ့စဉ်ရက်ဆက်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး လူအများအပြားမှာ လွတ်မြောက်နိုင်မည့် ချမ်းသာလမ်းကို ရှာမတွေ့ပေ။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိမိ၏အသိုင်းအဝိုင်းကို ပြောင်းလဲစေနိုင်သည်။

လူအမြောက်အမြားသည် မျှော်လင့်ခြင်းကိုတောင့်တလျက်ရှိကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုအပ်သော်လည်း သူတို့ကို ဟောပြောပေးမည့်သူမရှိကြပေ။ ထို့ကြောင့် ကျွန်တော်သည် ဤနေရာတွင် ရှိနေရန်ရွေးချယ်ခဲ့ပါသည်။

ဆရာဂျော့(ခ်ျ)၊ ကင်ညာနိုင်ငံ

ဆရာဂျော့(ခ်ျ)သည် ကလေးများ ပညာသင်ကြားနိုင်ရေးကူညီပေးရန် ကိဘီရပ်ကွက်တွင် စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့သည်။ ထို့ပြင် သူသည် သမ္မာကျမ်းစာအက်ပ်လိုက်မှတစ်ဆင့် ကလေးများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရရှိနိုင်စေသည့် အခြားအရာတစ်ခုကိုပေးအပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အင်တာနက်မလိုဘဲ အသုံးပြုနိုင်သောဤအက်ပ်ကို ကိဘီရာရပ်ကွက်ကဲ့သို့သောနေရာများအတွက် ရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်ပြီး၊ လူတို့သည် အင်တာနက်လိုင်းမရှိဘဲလျက် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိမိ၏အသိုင်းအဝိုင်းကို ပြောင်းလဲစေနိုင်သည်။

ယခုအခါ ဆရာဂျော့(ခ်ျ)သည် သူ၏ပတ်ဝန်းကျင်ရှိလူတိုင်းအား သမ္မာကျမ်းစာအက်ပ်လိုက်ကို မျှဝေပေးလျက်ရှိပြီး၊ ထိုအက်ပ်သည် သူ၏အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပေးနေပါသည်။

ကျွန်တော်သိရှိသမျှလူတိုင်းထံ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မျှဝေပါသည်။ ယခုအခါ နှုတ်ကပတ်တော်တရားသည် နေရာတိုင်းသို့ပျံ့နှံ့လျက်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် ကျွန်တော်၏အသိုင်းအဝိုင်းကို ပြောင်းလဲလာနေပါသည်။

သမ္မာကျမ်းစာအက်ပ်လိုက်ဖြင့် အင်တာနက်မလိုဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်မဆို ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာပါ။

သမ္မာကျမ်းစာအက်ပ်လိုက်ကို အသုံးပြုကြည့်ပါ

Share this post:

သမ္မာကျမ်းစာသည် နေရာတိုင်းတွင်ရှိနေသည်

သမ္မာကျမ်းစာသည် နေရာတိုင်းတွင်ရှိနေသည်

တိုင်းမ်စကွဲယား (Times Square)။ ပစ်ကာဒီလီဆပ်ကပ် (Piccadilly Circus)။ အိုဆာကာမြို့ (Osaka)။

ဤလတွင် ကျွန်တော်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်လှုပ်ရှားဖွယ်နည်းလမ်းတစ်ခုဖြင့် ချီးကျူးဂုဏ်ပြုနေကြပါသည်။ ယနေ့တွင် သမ္မာကျမ်းစာကို ချီးကျူးဂုဏ်ပြုနေကြသည့်နေရာအချို့ကို ဖော်ပြပေးလိုက်ပါသည်…

သမ္မာကျမ်းစာသည် နေရာတိုင်းတွင်ရှိနေသည်
သမ္မာကျမ်းစာသည် နေရာတိုင်းတွင်ရှိနေသည်
သမ္မာကျမ်းစာသည် နေရာတိုင်းတွင်ရှိနေသည်

ဤအထင်ကရနေရာများတွင် သမ္မာကျမ်းစာကိုအထူးပြုဖော်ပြခြင်းသည် လူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်ဆီသို့ ပြန်လည်ရောက်ရှိလာစေရန် (သို့) ပထမဆုံးအကြိမ်အဖြစ် စတင်လေ့လာဖတ်ရှုရန် တိုက်တွန်းအားပေးနိုင်မည့် အားကောင်းသောအခွင့်အလမ်းတစ်ခုကို ဖြစ်ပေါ်စေပါသည်။

ဤချီးကျူးဂုဏ်ပြုခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီး မိမိကိုယ်တိုင်လည်း အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နိုင်ပါသည်။

မိတ်ဆွေသည် သမ္မာကျမ်းစာကိုဖွင့်ဖတ်သည့်အကြိမ်တိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်၏သမ္မာတရားက မိတ်ဆွေကို ပြောင်းလဲစေရန် ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။

အက်ပ်ကို ဖွင့်ပါ

Share this post:

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလအတွက် အသင့်ဖြစ်ပြီလား။

Email-Header-starts-tomorrow

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလကို ကျင်းပဆင်နွှဲပါ

မနက်ဖြန်မှာ ရက်ပေါင်း (၃၀) သမ္မာကျမ်းစာစိန်ခေါ်မှုကို စတင်လုပ်ဆောင်သည့်အခါ ကမ္ဘာတစ်ဝန်းလုံးရှိလူများသည်လည်း မိတ်ဆွေနှင့်အတူ ပူးပေါင်းပါဝင်ကြမည်ဖြစ်ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်၌ သူတစ်ပါးအသက်တာများကို ပြောင်းလဲစေနိုင်သောတန်ခိုးရှိပါသည်။ ဤလတွင် မိမိ၏အသက်တာကို ဘယ်လိုအကျိုးသက်ရောက်စေမလဲ။ ဤလတွင်၊ ဘုရားသခင်ပြုတော်မူသောမဟာကျေးဇူးတော်အတွက် စိတ်နှလုံးပါလျက် မျှော်လင့်တောင့်တစွာပါဝင်ကြပါစို့။

ရက်ပေါင်း (၃၀) အစီအစဉ်တစ်ခုကို သိမ်းဆည်းခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလအတွက် ပြင်ဆင်လိုက်ပါ။

အစီအစဉ်တစ်ခုသိမ်းဆည်းပါရန်

Share this post:

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလရောက်လုနီးပြီ။

Email-Header-starts-tomorrow

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလကို ကျင်းပဆင်နွှဲပါ

မနက်ဖြန်တွင် ကမ္ဘာတစ်ဝန်းလုံးရှိလူများသည် ရက်ပေါင်း (၃၀) သမ္မာကျမ်းစာစိန်ခေါ်မှုနှင့်အတူ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုချီးမွမ်းစေဖို့ အတူတကွစုရုံးနေကြပြီဖြစ်သည်။ မိတ်ဆွေလည်း ဤအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

စိန်ခေါ်မှုကို လွန်မသွားပါစေနှင့်

မိမိ၏သောကကိုလျော့နည်းစေရန်၊ အထီးကျန်ဆန်မှုကင်းဝေးစေရန် (သို့) မိမိ၏ယုံကြည်ခြင်းကို ပိုမိုရဲရင့်စွာဝေငှစေရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ရှုလေ့လာခြင်းသည် အရာရာကိုပြောင်းလဲစေနိုင်ကြောင်း မိတ်ဆွေလည်း အပါအဝင်ဖြစ်သည်။

နိုဝင်ဘာလမှစ၍၊ သမ္မာကျမ်းစာအက်ပ်ကို ရက်ပေါင်း (၃၀) ဆက်တိုက်အသုံးပြုပါက၊ ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလဆုတံဆိပ်အထူးကို ရရှိမည်ဖြစ်သည်။

Share this post: