သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

ဆရာဂျော့(ခ်ျ)ကသည် ကလေးငယ်များအား သမ္မာကျမ်းစာဖတ်ပြနေစဉ်

လူဦးရေ (၇) သိန်းကျော် စုဝေးနေထိုင်သည့် ကင်ညာနိုင်ငံရှိ ကိဘီရာရပ်ကွက်သည် ကမ္ဘာ့အကြီးဆုံးဆင်းရဲသားရပ်ကွက်များထဲမှတစ်ခုဖြစ်သည်။

ဤနေရာတွင် လောကဓံဒုက္ခအလွန်များလှပါသည်။ နေ့စဉ်ရက်ဆက်ရုန်းကန်လှုပ်ရှားရမှုများ၊ မိသားစုကိုစောင့်ရှောက်ရမှုများနှင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအားထုတ်ရမှုများစသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြရသည်။ လူအမြောက်အမြားတို့သည် ချမ်းသာလမ်းကိုရှာမတွေ့ဖြစ်နေကြသည်။

သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

လူအမြောက်အမြားသည် မျှော်လင့်ခြင်းကိုတောင့်တလျက်ရှိကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုအပ်သော်လည်း သူတို့ကို ဟောပြောပေးမည့်သူမရှိကြပေ။ ထို့ကြောင့် ကျွန်တော်သည် ဤနေရာတွင် ရှိနေရန်ရွေးချယ်ခဲ့ပါသည်။

ဆရာဂျော့(ခ်ျ)၊ ကင်ညာနိုင်ငံ

ဆရာဂျော့(ခ်ျ)သည် ကလေးများ ပညာသင်ကြားနိုင်ရေးကူညီပေးရန် ကိဘီရပ်ကွက်တွင် စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့သည်။ ထို့ပြင် သူသည် သမ္မာကျမ်းစာအက်ပ်လိုက်မှတစ်ဆင့် ကလေးများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရရှိနိုင်စေသည့် အခြားအရာတစ်ခုကိုပေးအပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အင်တာနက်မလိုဘဲ အသုံးပြုနိုင်သောဤအက်ပ်ကို ကိဘီရာရပ်ကွက်ကဲ့သို့သောနေရာများအတွက် ရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်ပြီး၊ လူတို့သည် သမ္မာကျမ်းစာကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ဝင်ရောက်ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

သမ္မာတရားသည် မမျှော်လင့်ထားသည့်နေရာများသို့ ရောက်ရှိလာနေသည်။

ယခုအခါ ဆရာဂျော့(ခ်ျ)သည် သူ၏ပတ်ဝန်းကျင်ရှိလူတိုင်းအား သမ္မာကျမ်းစာအက်ပ်လိုက်ကို မျှဝေပေးလျက်ရှိပြီး၊ ထိုအက်ပ်သည် သူ၏အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပေးနေပါသည်။

ကျွန်တော်သိရှိသမျှလူတိုင်းထံ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မျှဝေပါသည်။ ယခုအခါ နှုတ်ကပတ်တော်တရားသည် နေရာတိုင်းသို့ပျံ့နှံ့လျက်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် ကျွန်တော်၏အသိုင်းအဝိုင်းကို ပြောင်းလဲလာနေပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့၊ လူမျိုးအပေါင်းတို့ထံသို့ရောက်ရှိနေဆဲဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကိုချီးမွမ်းနေစဉ်၊ (ဗျာ၊ ၇) ကိုဆင်ခြင်တွေးတောကြည့်ပါ။

(ဗျာ၊ ၇) ကိုဖတ်ရှုပါရန်

Share this post:

ဤပို့စ်ကိုလည်း ရရှိနိုင်ပါသည်- အင်္ဂလိပ် အာဖရိကန် အင်ဒိုနီးရှား ဖိလစ်ပိုင် (Tagalog) ပြင်သစ် အီတလီ ဒပ်ချ် ပေါ်တူဂီ ရိုမေနီးယန်း ရုရှား ဂျပန် တရုတ် (ပြည်မစာ) တရုတ် (ရိုးရာစာ) ကိုရီးယား အာရဗီ ဘီလာရုဘာသာစကား ဒန်းနစ်ရှ် ဂရိ ‌‌ဟေဗြဲဘာသာစကား ဟင်ဒီ ဟန်ဂေရီယန် မလေးဘာသာစကား မွန်ဂိုဘာသာစကား နီပေါဘာသာစကား နော်ဝေးဘာသာစကား ဖာစီ ပူးလစ်ရှ် ပေါ်တူဂီ (ပေါ်တူဂီ ) ဆဝါဟီလီ တမီးလ်ဘာသာစကား တီလူကူ ထိုင်း တူရကီ ယူကရိန်း အူဒူ ဗီယက်နမ် ဇူလူဘာသာစကား ခမာ လစ်သူယေးနီးယား ဆားဗီးယား Armenian အိုက်စလန် ခရိုအေးရှန်း အာဘေးနီးရန်း ဝေးလ် ကက်တလန် လက်ဗီယန်း ဟေတီတွင်ပြောသောပြင်သစ်အခြေစိုက် Creole ဘာသာစကား။ ရှိုနာ ဆိုရာနီ ကာ့ဒ် ဇိုစာ ရိုရုဘာ