|
ဆာ လံ ကျမ်း။ 23: ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏

1
ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။
2
စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။
3
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
4
အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။
5
အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
6
အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍၊ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။
ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်
ငါသည် ဤလောက၏အလင်
ယခု သင့်ကလေးများသည်မြန်မာဘာသာဖြင့် ကလေးများအတွက်ကျမ်းစာအက်ပ်ကိုတွေ့ကြုံခံစားနိုင်ပြီဖြစ်သည်။
ယနေ့ ကျွန်ုပ်တို့၏ မိတ်ဖက် OneHopeနှင့်အတူ၊ မြန်မာတွင် တွင်ကလေးများအတွတ်ကျမ်းစာအက်ပ်ပလီကေးရှင်းစတင်ခြင်းကို ဝမ်းသာစွာ ကြေငြာပါသည်။ ယခုကလေးများသည်သမ္မာကျမ်းစာအတွေ့အကြုံကိုမိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံများခံစားဖူးရန်ယခင်ကထက်အခွင့်အရေးပိုရလာသည်။
ဘာသာစကားများအကြားကူးပြောင်းခြင်းသည်လွယ်ကူသည်။ အက်ပ်၏ ချိန်ညှိချက်ထဲတွင်ရှိသည်။
- သင်၏အက်ပ်ကို နောက်ဆုံးထွက်ရှိထားသည့်ဗားရှင်းကိုအဆင့်မြင့်ထားပါ။
- အပ်ကိုဖွင့်၍ ဂီယာအိုင်ကွန်ကိုတို့ပါ။ (
) ဖွင့်ရန်ချိန်ညှိချက်များ။
- ဘာသာစကားကိုတို့ပါသင်အလိုရှိသောအရာကိုရွေးချယ်ပါ။
အသံဖိုင်သည် ထိုဘာသာစကားဖြင့်ထွက်ပေါ်လာ၍ စာသားများလည်းထိုဘာသာစကားဖြင့်ထွက်ပေါ်လာမည်။
ဒီသတင်းကောင်းကိုဆင်နွှဲနိုင်ဖို့ရန်ကျွန်ုပ်တို့ကိုကူညီပါ။
ကလေးများအတွက်ကျမ်းစာအက်ပ်အကြောင်း
OneHope နှင့်အတူဖန်တီးခဲ့သည့် ကလေးများအတွက်ကျမ်းစာအက်ပ်သည် YouVersion၊ကျမ်းစာအက်ပ်ဖန်တီးသူများမှဖြစ်ပါသည်။ ကလေးများအတွက်၄င်းတို့ကို ရင်ခုန်စိတ်လှုပ်ရှားစရာအတိနှင့်ပြည့်သောကျမ်းစာအတွေ့အကြုံရရှိစေရန်ဖန်တီးထားပြီး၊ လက်ရှိတွင် Apple, Android နှင့် Kindle စသည့်စက်များတွင် သန်းပေါင်း 58 ကျော်ထဲ့သွင်းထားကာလုံးဝအခမဲ့ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိကလေးများသည် ယခုအခါ ကလေးများအတွက်ကျမ်းစာအက်ပ်ကို ဘာသာစကားပေါင်း 60 တွင်အသုံးပြုနေကြပြီး ယခု မြန်မာဘာသာစကားလည်းပါဝင်ပါသည်။
![]() |
![]() |
![]() |