သတိပေးချက်။ အောက်ပါအကြောင်းအရာတွင် မိမိကိုယ်ကိုထိခိုက်နာကျင်စေခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းဆိုင်ရာ အကြောင်းအရာများပါဝင်သောကြောင့် အချို့သောစာဖတ်သူများအတွက် စိတ်ခံစားမှုကိုနှိုးဆော်စေနိုင်ပါသည်။

မအဲလစ်သည် အသက် (၁၆) အရွယ်တွင် နာကျင်မှုနှင့်ဆုံးရှုံးမှုတို့ကြားပိတ်မိနေသကဲ့သို့ ခံစားခဲ့ရပြီး စိတ်ဓာတ်ကျဆင်းခြင်းနှင့် အထီးကျန်မှုတို့၏လွှမ်းမိုးခြင်းကိုလည်း ရရှိခံစားခံခဲ့ရသည်။
မျှော်လင့်မဲ့မှုများတိုးပွားလာသည်နှင့်အမျှ ညတစ်ညတွင် သူမသည် မိမိကိုယ်ကိုယ်အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် အလွန်ထူးဆန်းသောအမှုကိစ္စကိုဖြစ်ပွားခဲ့သည်။
သူမ၏အထပ်မြင့်တိုက်ခန်းလသာဆောင်အစွန်းတွင် ရုတ်တရက်တိုက်ခတ်လာသောလေပြင်းကြောင့် သူမသည် ရှေ့သို့ပြုတ်ကျမသွားဘဲ အခန်းတွင်းသို့နောက်ပြန်လန်ကျသွားခဲ့သည်။
ကြမ်းပြင်ပေါ်တွင်လဲကျရင်း တုန်လှုပ်ထိတ်လန့်၍ ငိုကြွေးနေစဉ် မအဲလစ်သည် သူမ၏အိမ်နီးနားချင်းထံမှ ဘုရားကျောင်းသို့လိုက်ခဲ့ရန် ဖိတ်ခေါ်သောမက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။ သူမသည် လိုက်သွားစေဖို့သဘောတူခဲ့ပြီး ထိုဘုရားကျောင်းတွင် သမ္မာကျမ်းစာ အက်ပ်ကို ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူမသည် သမ္မာကျမ်းစာအစီအစဉ်တစ်ခုကိုစတင်၍ ဖတ်ရှုလေ့လာစဉ်တွင် မျှော်လင့်ခြင်းကိုရရှိခံစားပြီး အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပါသည်။
ယနေ့တွင် မအဲလစ်သည် သူမအား ယေရှုနှင့် စတင်မိတ်ဆက်ပေးခဲ့သည့် အက်ပ်မှတစ်ဆင့် YouVersion ၏မိတ်ဖက်တစ်ဦးအဖြစ် ကျမ်းစာလေ့လာမှုအစီအစဉ်များကို ရေးသားဖန်တီးပြီး ဖြန့်ဝေလျက်ရှိသည်။ သူမသည် မျှော်လင့်ခြင်းများဖြင့်သာ ပြည့်ဝနေသာမက ထိုမျှော်လင့်ခြင်းကို အခြားသူများထံသို့လည်း မျှဝေပေးနေပါသည်။
မိမိအသက်တာတွင် ဘုရားသခင်ကို အလွန်လိုအပ်နေသောသူတစ်စုံတစ်ယောက်ရှိပါသလား။ ထိုသူထံ သမ္မာကျမ်းစာအက်ပ်နှင့်မိတ်ဆက်ပေးပါ။ ထို့ပြင်၊ သူတို့၏စိတ်နှလုံး၌ မျှော်လင့်ခြင်းနှင့်ပြည့်ဝစေရန် ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုစေဖို့ အားပေးပါ။
ဤပို့စ်ကိုလည်း ရရှိနိုင်ပါသည်-
