မိတ်ဆွေသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရက်ပေါင်း (၃၀) လုံးလုံး ဖတ်ရှုစေဖို့ ဆက်ကပ်ခဲ့ပါသည်… ထို့ပြင်၊ မိတ်ဆွေတစ်ဦးတည်းလုပ်ဆောင်ခဲ့သည်မဟုတ်ပါ။
ဤနိုဝင်ဘာလတွင် သမ္မာကျမ်းစာနှင့် ဖတ်ရှုလေ့လာခဲ့သူ 3,000,000 ဦးကျော်နှင့်အတူပါဝင်ခဲ့ပါတယ်။
မိတ်ဆွေနှင့်အတူလက်တွဲပါဝင်ခဲ့သူများထဲမှတစ်ဦးမှာ မပါမဲလာ (Pamela) ဖြစ်ပါသည်။
ကြီးပြင်းလာစဉ် မပါမဲလာသည် များစွာသောနာကျင်ခံစားရမှုများ၊ စိတ်ဒဏ်ရာများနှင့် မိမိမည်သူဖြစ်တည်မှုအပေါ်မေးခွန်းများစွာရှိခဲ့ပါသည်။ ထိုအချိန်တွင် သူမသည် သမ္မာကျမ်းစာတော်မြတ်ကိုရယူခဲ့ပြီး မိမိ၏မည်သူဖြစ်တည်မှုဆိုင်ရာအစီအစဉ်တစ်ခုကို တွေ့ရှိခဲ့ပါသည်။
ကျွန်မ၏ဖြစ်တည်မှုကို အရှင်ယေရှုဘုရားတော်က ပေးသနာတော်မူပြီဟု ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် သိရပါသည်။ ကျွန်မအနေဖြင့် ထိုသမ္မာတရားကို မရှာဖွေတွေ့ရှိသေးခြင်းသာဖြစ်ပါသည်။ ထိုသမ္မာတရားက အရာခပ်သိမ်းကိုပြောင်းလဲစေခဲ့ပါသည်။
မပါမဲလာ၊ မက္ကဆီကိုနိုင်ငံ
ကမ္ဘာလုံးဆိုင်ရာကျမ်းစာလပြီးဆုံးတော့မည်ဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်သည် အစဉ်ထာဝရတည်ပါသည်။ မပါမဲလာ၏အသက်တာကိုပြောင်းလဲစေခဲ့သကဲ့သို့ သမ္မာတရားက မိတ်ဆွေကိုအသွင်ပြောင်းလဲစေဖို့ နှုတ်ကပတ်တော်သည် မိမိနေ့စဉ်အသက်တာ၏အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
အားမလျှော့ပါစေနှင့်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှတစ်ဆင့် ကိုယ်တော်နှင့် ဆက်လက်မိတ်သဟာယဖွဲ့လျက် ဘုရားရှင်ပြုတော်မူသောကျေးဇူးတော်ကို စောင့်ကြည့်ပါ…
ဤပို့စ်ကိုလည်း ရရှိနိုင်ပါသည်-

