မောင်ယောရှုသည် ကလေးများအတွက်သမ္မာကျမ်းစာအစီအစဉ်တစ်ခုသို့ သွားရောက်သောအခါ ကလေးများအတွက်သမ္မာကျမ်းစာအက်ပ်ကို ရှာတွေ့ခဲ့သည်။ ထိုအချိန်မှစ၍ အရာအားလုံးပြောင်းလဲသွားခဲ့သည်။
မျက်မမြင်အဖြစ်မွေးဖွားလာခဲ့သောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်နိုင်သည်လို့ နားလည်သဘောပေါက်ပြီး သမ္မာကျမ်းစာကို အလွန်နှစ်သက်မြတ်နိုးလာခဲ့သည်။
သားဖြစ်သူ၏အသက်တာပြောင်းလဲစေသောဝမ်းမြောက်ခြင်းကို မြင်တွေ့ရသဖြင့် ဖခင်ဖြစ်သူသည် ထိုနေ့၌ ဘုရားကျောင်းတစ်ကျောင်းသို့ သွားရောက်၍ ခရစ်တော်ထံ မိမိအသက်တာကို ဆက်ကပ်အပ်နှံခဲ့သည်။ ထို့နောက်မကြာမီတွင် သူတို့မိသားစုတစ်စုလုံးသည် အရှင်ယေရှုဘုရားကို ယုံကြည်လက်ခံခဲ့ကြသည်။
ယခုအခါ မောင်ယောရှုနှင့် သူ၏မိဘများသည် ဒေသခံအသင်းတော်တွင် အမှုတော်ဆောင်ကြပြီး နေ့ရက်စဉ်တိုင်းမှာ အတူတကွ သမ္မာကျမ်းစာဖတ်ရှုလျက် ကလေးများအတွက် သမ္မာကျမ်းစာအက်ပ်ကို အခြားသူများအား မျှဝေရန် အလွန်နှစ်သက်ကြသည်။
မိမိ၏အသက်တာရှိကလေးသူငယ်များကို ဘုရားသခင်၏နှုတ်ကပတ်တော်အား ပိုမိုနှစ်သက်မြတ်နိုးလာစေလိုပါသလား။ ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလအတွက် ကလေးများအတွက်သမ္မာကျမ်းစာအက်ပ်ကို ဝင်ရောက်လေ့လာကြည့်ရှုပြီး အပြန်အလှန်ထိတွေ့တုံ့ပြန်နိုင်သောကျမ်းစာဇာတ်တော်များမှတစ်ဆင့် ကလေးငယ်များအား သမ္မာကျမ်းစာနှင့် မိတ်ဆက်ပေးလိုက်ပါ။ ⬇️
ကလေးများအတွက်သမ္မာကျမ်းစာအက်ပ်ကိုဖွင့်ရန်
ဤပို့စ်ကိုလည်း ရရှိနိုင်ပါသည်-

