ယနေ့ ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလသည် စတင်ပြီဖြစ်ပြီး မိတ်ဆွေလည်း ပါဝင်နိုင်ပါသေးသည်။

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလသည် ယခုစတင်နေပြီ။

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလကို ကျင်းပဆင်နွှဲပါ

ယခုအခါ ကမ္ဘာတစ်ဝန်းရှိလူများစွာတို့သည် ရက်ပေါင်း (၃၀) သမ္မာကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချီးမွမ်းကျင်းပနေကြပါပြီ။ ဤလှုပ်ရှားမှု၌ပါဝင်ရန် အချိန်ရှိပါသေးသည်။

စိန်ခေါ်မှုတွင်ပါဝင်ရန်

မိတ်ဆွေ၌ ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်း (သို့) ယုံကြည်စိတ်ချမှုတို့ကိုပိုမိုခံစားရရှိရန် လိုအပ်နေသည်ဖြစ်စေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သစ္စာရှိရှိဖတ်ရှုလေ့လာခြင်းသည် အရာအားလုံးကိုပြောင်းလဲစေပါသည်။

နေ့စဉ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာစေဖို့ အဓိဋ္ဌာန်ပြုလျှင် ဘုရားသခင်ပြုတော်မူမည့်ကျေးဇူးတော်အကြောင်းကို စဉ်းစားတွေးတောကြည့်ပါ။

ဤလအတွင်း မိမိ၏သမ္မာကျမ်းစာအက်ပ်ကို ရက်ပေါင်း (၃၀) ဆက်တိုက်အသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာကျမ်းစာလဆုတံဆိပ်အထူးကို ရယူလိုက်ပါ။

ယနေ့ ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလသည် စတင်ပြီဖြစ်ပြီး မိတ်ဆွေလည်း ပါဝင်နိုင်ပါသေးသည်။

Share this post:

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလသည် ယခုစတင်နေပြီ။

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလသည် ယခုစတင်နေပြီ။

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလကို ကျင်းပဆင်နွှဲပါ

ယနေ့သည် ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလ၏ အစဖြစ်ပါသည်။ လာမည့်ရက်ပေါင်း (၃၀) အတွင်း ကမ္ဘာတစ်ဝန်းရှိလူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ဖတ်ရှုလေ့လာစေဖို့ စုပေါင်းလာကြပါလိမ့်မည်။

ဘယ်လိုစပြုရမလဲဆိုသည် သိချင်ပါသလား။ မိမိ၏ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလခရီးကိုစတင်ရန် ဤအစီအစဉ်များကို ကြည့်ရှုလိုက်ပါ။

အခြားအစီအစဉ်များရှာဖွရန်

Share this post:

ဘုရားသခင်၏နှုတ်ကပတ်တော်သည် သူတစ်ပါး၏သက်တာများကို ပြောင်းလဲစေသည်။ မိတ်ဆွေ၏အသက်တာကိုလည်း ပြောင်းလဲစေနိုင်ပါသည်။

ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလကို ကျင်းပဆင်နွှဲပါ

ဤနိုဝင်ဘာလတွင် ကမ္ဘာတစ်ဝန်းရှိလူများသည် ကမ္ဘာ့သမ္မာကျမ်းစာလအတွင်း ဘုရားသခင်၏နှုတ်ကပတ်တော်အဖို့ ကျေးဇူးတော်ချီးမွမ်းစေရန် စုပေါင်းလာကြပါသည်။ 

ရက်ပေါင်း (၃၀) သမ္မာကျမ်းစာစိန်ခေါ်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလှုပ်ရှားမှုတွင် ပါဝင်လိုက်ပါ။ 

စိန်ခေါ်မှုတွင်ပါဝင်ရန်

မိမိ၏သောကကိုလျော့နည်းစေရန်၊ အထီးကျန်ဆန်မှုကင်းဝေးစေရန် (သို့) မိမိ၏ယုံကြည်ခြင်းကို ပိုမိုရဲရင့်စွာဝေငှစေရန်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ရှုလေ့လာခြင်းသည် အရာရာကိုပြောင်းလဲစေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။ 

ဘုရားသခင်၏နှုတ်ကပတ်တော်သည် မိတ်ဆွေကို မည်သို့ပြောင်းလဲစေနေပါသလဲ။    

နိုဝင်ဘာလမှစ၍၊ သမ္မာကျမ်းစာအက်ပ်ကို ရက်ပေါင်း (၃၀) ဆက်တိုက် အသုံးပြုပါက၊ ကမ္ဘာလုံးဆိုင်ရာသမ္မာကျမ်းစာလ ဆုတံဆိပ်အထူးကိုရရှိမည်ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် သူတစ်ပါး၏သက်တာများကို ပြောင်းလဲစေသည်။ မိတ်ဆွေ၏အသက်တာကိုလည်း ပြောင်းလဲစေနိုင်ပါသည်။

Share this post:

အသက်ရှင်တဲ့သမ္မာကျမ်းစာ

အသက်ရှင်တဲ့သမ္မာကျမ်းစာ

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​သည် အ​သက်​ရှင်​ခြင်း၊ တန်​ခိုး​နှင့် ပြု​ပြင်​ခြင်း၊ သန်​လျက်​တ​ကာ​တို့​ထက် ထက်​ခြင်း​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ အ​သက်​နှင့် စိတ်​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ အ​ရိုး​ဆစ်​နှင့် ခြင်​ဆီ​ကို​လည်း​ကောင်း ပိုင်း​ခြား၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို​လည်း သိ​မြင်​တတ်၏။

ဟေ ဗြဲ ဩ ဝါ ဒ စာ။ 4:12

အသက်ရှင်တဲ့သမ္မာကျမ်းစာ

Share this post:

ဆာ လံ ကျမ်း။ 23: ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏

ဆာ လံ ကျမ်း။ 23: ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏

1  
ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​သိုး​ထိန်း​ဖြစ်​တော်​မူ၏။ ငါ​သည် ဆင်း​ရဲ​မ​ခံ​ရ။

2  
စိမ်း​လန်း​သော ကျက်​စား​ရာ​အ​ရပ်၌ ငါ့​ကို​အိပ်​စေ​တော်​မူ၏။ သာ​ယာ​သော​မြစ်​နား​သို့ လမ်း​ပြ​တော်​မူ၏။

3  
ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။

4  
အ​ကယ်၍ သေ​မင်း၏​အ​ရိပ်​လွှမ်း​မိုး​သော​ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်​လည်း ဘေး​အ​န္တ​ရာယ်​ကို မ​ကြောက်​ပါ။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ လှံ​တံ​တော်​နှင့် တောင်​ဝှေး​တော်​သည် အ​ကျွန်ုပ်​ကို ချမ်း​သာ​စေ​ပါ၏။

5  
အ​ကျွန်ုပ်၏ ရန်​သူ​တို့​ရှေ့​မှာ အ​ကျွန်ုပ်​အ​ဖို့ စား​ပွဲ​ကို​ခင်း​တော်​မူ၏။ အ​ကျွန်ုပ်​ခေါင်း​ကို ဆီ​နှင့်​လိမ်း​တော်​မူ၏။ အ​ကျွန်ုပ်​ခွက်​ဖ​လား​သည် လျှံ​လျက်​ရှိ​ပါ၏။

6  
အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​သည် ကျေး​ဇူး​နှင့်​က​ရု​ဏာ​ကို တစ်​သက်​လုံး​ခံ​စား​၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှာ အ​စဉ်​အ​မြဲ နေ​ရ​ပါ​လိမ့်​မည်။

Psalm 23 in Myanmar Burmese

Psalm 23 in English

Share this post: