ကင်ညာနိုင်ငံရှိ ကိဘီရာရပ်ကွက်သည် ကမ္ဘာ့အကြီးဆုံးဆင်းရဲသားရပ်ကွက်များထဲမှတစ်ခုဖြစ်သည်။ လောကဓံဒုက္ခအလွန်များလှပါသည်။ နေ့စဉ်ရက်ဆက်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး လူအများအပြားမှာ လွတ်မြောက်နိုင်မည့် ချမ်းသာလမ်းကို ရှာမတွေ့ပေ။
လူအမြောက်အမြားသည် မျှော်လင့်ခြင်းကိုတောင့်တလျက်ရှိကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုအပ်သော်လည်း သူတို့ကို ဟောပြောပေးမည့်သူမရှိကြပေ။ ထို့ကြောင့် ကျွန်တော်သည် ဤနေရာတွင် ရှိနေရန်ရွေးချယ်ခဲ့ပါသည်။
ဆရာဂျော့(ခ်ျ)၊ ကင်ညာနိုင်ငံ
ဆရာဂျော့(ခ်ျ)သည် ကလေးများ ပညာသင်ကြားနိုင်ရေးကူညီပေးရန် ကိဘီရပ်ကွက်တွင် စာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့သည်။ ထို့ပြင် သူသည် သမ္မာကျမ်းစာအက်ပ်လိုက်မှတစ်ဆင့် ကလေးများအား ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရရှိနိုင်စေသည့် အခြားအရာတစ်ခုကိုပေးအပ်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
အင်တာနက်မလိုဘဲ အသုံးပြုနိုင်သောဤအက်ပ်ကို ကိဘီရာရပ်ကွက်ကဲ့သို့သောနေရာများအတွက် ရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်ပြီး၊ လူတို့သည် အင်တာနက်လိုင်းမရှိဘဲလျက် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။
ယခုအခါ ဆရာဂျော့(ခ်ျ)သည် သူ၏ပတ်ဝန်းကျင်ရှိလူတိုင်းအား သမ္မာကျမ်းစာအက်ပ်လိုက်ကို မျှဝေပေးလျက်ရှိပြီး၊ ထိုအက်ပ်သည် သူ၏အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပေးနေပါသည်။
ကျွန်တော်သိရှိသမျှလူတိုင်းထံ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မျှဝေပါသည်။ ယခုအခါ နှုတ်ကပတ်တော်တရားသည် နေရာတိုင်းသို့ပျံ့နှံ့လျက်ရှိပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့် ကျွန်တော်၏အသိုင်းအဝိုင်းကို ပြောင်းလဲလာနေပါသည်။
သမ္မာကျမ်းစာအက်ပ်လိုက်ဖြင့် အင်တာနက်မလိုဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်မဆို ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာပါ။
သမ္မာကျမ်းစာအက်ပ်လိုက်ကို အသုံးပြုကြည့်ပါ
ဤပို့စ်ကိုလည်း ရရှိနိုင်ပါသည်-



